🩺 အလုပ်အကိုင်ဆိုင်ရာ ဆေးပညာ မိတ်ဆက်
(Introduction to Occupational Medicine)
ကျန်းမာရေးနဲ့ စီးပွားရေးကို တိုက်ရိုက်ချိတ်ဆက်ပေးတဲ့ ဆေးပညာဘာသာရပ်ကို ပြောရမယ်ဆိုရင် အလုပ်အကိုင်ဆိုင်ရာ ဆေးပညာ (Occupational Medicine) လို့ပဲ ဆိုရပါမယ်။
အများအားဖြင့် ဒီဘာသာရပ်ကို လုပ်ငန်းခွင်ဝင်ခါနီး ဆေးစစ်ပေးတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု လို့ပဲ ထင်မြင်ကြပါတယ်။
ဒါပေမယ့် တကယ်တော့ Occupational Medicine ဟာ အဲ့တာထက် အလွန်ကျယ်ပြန့်ပြီး အရေးပါတဲ့ Specialist ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ နံပါတ် (၁) အရင်းအမြစ် ဟာ ငွေကြေးမဟုတ်ပါဘူး။
ရုပ်ပိုင်း၊ စိတ်ပိုင်းစွမ်းဆောင်ရည်ပြည့်ဝတဲ့ လူသားတွေ ပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဆိုအရ
ကျန်းမာခြင်းဆိုတာ
▪️ ရုပ်ပိုင်းဆိုင်ရာ
▪️ စိတ်ပိုင်းဆိုင်ရာ
▪️ လူမှုဆက်ဆံရေး
ဒီ (၃) မျိုးစလုံးမှာ ပြည့်စုံကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားစွာ နေထိုင်နိုင်ခြင်း ကို ဆိုလိုပါတယ်။
ဒါကြောင့် Occupational Medicine ရဲ့ အဓိကတာဝန်တွေကတော့
✔️ လုပ်ငန်းခွင်အတွက် သင့်တော်တဲ့ ဝန်ထမ်းရွေးချယ်ခြင်း
✔️ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် စွမ်းဆောင်ရည်ကို ဆက်လက်မြှင့်တင်ပေးခြင်း
✔️ လုပ်ငန်းခွင်ကြောင့် ဖြစ်နိုင်သော
ဓာတုအန္တရာယ်
ဇီဝအန္တရာယ်
ကိုယ်ခန္ဓာဆိုင်ရာ အန္တရာယ်
စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များ
ကို ကြိုတင်ကာကွယ်ပေးခြင်း
ဆိုတဲ့ Safety First မူဝါဒ ကို အကောင်အထည်ဖော်ပေးခြင်း ဖြစ်ပါတယ်။
SME လုပ်ငန်းရှင်များအနေနဲ့လည်း Occupational Health ဆရာဝန်များကို အချိန်ပိုင်း အကြံပေးအဖြစ် ခန့်အပ်ပြီး
စီးပွားရေးနဲ့ ကျန်းမာရေးကို ချိတ်ဆက်ထားတဲ့ Growth Strategy ကို အသုံးပြုနိုင်ပါတယ်။
လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်နိုင်သော အရာများမှာ
🩺 နှစ်စဉ် ကျန်းမာရေးစစ်ဆေးပေးခြင်း
💉 လိုအပ်သော ကာကွယ်ဆေးများ ထိုးပေးခြင်း
📚 ကျန်းမာရေးပညာပေး သင်တန်းများ ပို့ချခြင်း
🧠 စိတ်ကျန်းမာရေး counselling ပေးခြင်း
🤝 လုပ်ငန်းခွင်ပျော်ရွှင်ရေး အစီအစဉ်များ ပြုလုပ်ခြင်း
📈 စိတ်ဓာတ်မြှင့်တင်ရေး Training များ ပေးခြင်း
ထို့အပြင် Person – Job Theory အရ
လူတစ်ဦးချင်းစီ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးနှင့် ကိုက်ညီသော တာဝန်နေရာများကို မှန်ကန်စွာ ချမှတ်ပေးနိုင်ပါသည်။
ဒီလိုလုပ်ဆောင်ခြင်းတွေကို အချိန်ကုန်၊ ငွေကုန်တဲ့ အလုပ် လို့ မမြင်သင့်ပါဘူး။
ဘဏ္ဍာရေးသုတေသနများအရ
ဝန်ထမ်းကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းဟာ အမြတ်အစွန်းအများဆုံး Investment တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးများထဲမှ Google ကုမ္ပဏီကလည်း ဒီနည်းလမ်းတွေကို အောင်မြင်စွာ အသုံးချပြီး လုပ်ငန်းအောင်မြင်မှုကို တည်ဆောက်ထားပါတယ်။
ကျန်းမာသော ဝန်ထမ်းများ = အောင်မြင်သော လုပ်ငန်း
လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအားလုံး
ကျန်းမာရေးအသိပညာကို အသုံးချကာ ဘဝနှင့် လုပ်ငန်းခွင်မှာ အောင်မြင်နိုင်ကြပါစေ။
📍 Center (1)
No.147, Kyun Taw St, Moat (South) Ward,
Sanchaung Tsp, Yangon
📞 09458388488 , 09697592937
📍 Center (2)
No.243/245, Bo Aung Kyaw St,
Middle Block, Kyauktada Tsp, Yangon
📞 018385949 , 09661079000 , 09661089000
📍 Center (3)
No.1(A), 43 Qtr, Min Ye Kyaw Swar St,
North Dagon Tsp, Yangon
📞 09250646913 , 09767001300 , 09767007900
#ThukhamingalarMedical #ThukhamingalarMedical
Center
#TeamHealthFirst #ThukhaMingalar
#ThukhamingalarClinic
#DiagnosticCenterYangon #YangonClinic #HealthCareMyanmar
#YourHealthMatters #MedicalCheckup
ထိပ်ကပ်နာ ဆိုသည်မှာ ဦးခေါင်းခွံအတွင်းရှိအချွဲလွှာဖုံးထားတဲ.......
နှာစေးချောင်းဆိုးအကြောင်းသိကောင်းစရာ
.......